“ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးရကစားသမားအပြောင်းအရွှေ့များ”

03 Feb

အက်စတွန်ဗီလာအသင်းက မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ကို အငှားနဲ့ ရာသီကုန်အထိ ခေါ်ယူခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် ကို ရာသီကုန်တွင် ပေါင် သန်း ၄၀ ဖြင့် အပြီးသတ်ခေါ်ယူခွင့် ရှိတဲ့အချက် ပါဝင်တယ်လို့ သိရပါတယ်။ ဗီလာအသင်းအနေဖြင့် ရပ်ရှ်ဖိုဒ် လစာရဲ့ ၇၀ ရာခိုင်နှုန်းကို ပေးချေရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းက စီးရီးအေကလပ် လက်ချီအသင်းမှ ဒိန်းမတ်လက်ရွေးစင်နောက်ခံလူ ဒေါ်ဂူ ကို ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပြီး ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့ကာ တစ်နှစ်သက်တမ်း တိုးခွင့်ပါဝင်ကြောင်း မန်ယူအသင်းက ထုတ်ပြန်ခဲ့ပါတယ်။ဒေါ်ဂူ ရဲ့ ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း ၃၀ နှင့် အပိုဆုကြေး ယူရို ၅ သန်းရရှိမှာဖြစ်ကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။ ဆက်လက်ပြီး စပါးအသင်းက ပြင်သစ်ကလပ် လန်းစ်အသင်းနောက်ခံလူ ဒန်ဆို ကို ရာသီကုန် အထိ အငှားဖြင့်ခေါ်ယူခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပြီး နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်း၊ ငါးနှစ်စာချုပ်နဲ့ ခေါ်ယူမည့်အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ (NVS 008)

03 Feb

ADVERTISE HERE .