ဖေဖော်ဝါရီလအတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုး/ဇလထုတ်ပြန်

02 Feb

ဖေဖော်ဝါရီလအတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင်ရှိနေပြီး နိုင်ငံတကာမိုးလေဝသဌာန၏ သင်္ချာစံပြုမော်ဒယ်များခန့်မှန်းချက်အရ ဖေဖော်ဝါရီလအတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင် ဆက်လက်တည်ရှိနေကြောင်း ခန့်မှန်းထားပါတယ်။ လာနီညာဖြစ်စဉ်က ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်လေ့ရှိတဲ့ ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါလာနီညာဖြစ်စဉ် ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှုပုံမှန်ထက် ပိုမိုခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါတယ်။ လာနီညာဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။(NVS 004)

02 Feb

ADVERTISE HERE .