ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အလုပ်ကမ်းလှမ်းစာ ၄၅၉ ခု ပေးပို့ထား

02 Feb

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်လုပ်ကိုင်ရန်အတွက် တိုကျိုမြို့ရှိ မြန်မာသံရုံးမှတဆင့် အလုပ် ကမ်းလှမ်းစာ ၄၅၉ ခုပေးပို့ထားကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့မှ ထုတ်ပြန်ထားရှိပါတယ်။ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများ ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို တိုကျိုမြို့ရှိ မြန်မာသံရုံးက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီး ဌာနသို့ ပြန်လည်ပေးပို့လျက်ရှိပါတယ်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်အထိ လက်ခံရရှိ၍ စိစစ် ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၅၉ ခုနှင့် ပတ်သက်သည့် အချက်အလက်များအား မြန်မာသံရုံး၊ တိုကျိုမြို့ရဲ့ Facebook စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားရှိပါတယ်။(NVS 004)

02 Feb

ADVERTISE HERE .