ဖရဲသီးများကို တရုတ်သို့မတင်ပို့နိုင်သည့်အတွက် ပြည်တွင်းဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေရ

02 Feb

ပြည်တွင်းမှစိုက်ပျိုးထွက်ရှိသည့် ဖရဲသီးများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိတဲ့အတွက် ပြည်တွင်းဈေးကွက်ဖြစ်တဲ့ ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် တညင်းကုန်းဈေးကိုသာ အဓိကတင်ပို့ရောင်းချနေရ ကြောင်း ဖရဲစိုက်တောင်သူများ၏ ပြောပြချက်အရ သိရပါတယ်။ မြန်မာ့ဖရဲသီးကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ကာ ယခင်လမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလားတာလော့ဂိတ်မှ ကုန်သွယ်ခွင့်ခက်ခဲသည့် အခြေအနေများကြောင့် တင်ပို့နိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။ လက်ရှိတွင် ရန်ကုန်ဈေးကွက်ထဲသို့ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး၊ ရမည်းသင်းနဲ့ မိတ္ထီလာ ဒေသတို့က နေ့စဉ် ဖရဲသီးတန်ချိန် ၁,၇၀၀ မှ ၂,၀၀၀ ထိ ဝင်ရောက်မှုရှိနေကာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ဘက်သို့ ပြန်လည်တင်ပို့ ရောင်းချနေခြင်းဖြစ်ပါတယ်။ ပြည်တွင်းလက်လီဈေးကွက်၌ ဖရဲသီး တစ်လုံးကို ငွေကျပ် ၃,၀၀၀ မှ ၅,၀၀၀ ကျပ်ရရှိနေကြောင်း သိရပါတယ်။ (NVS 004)

02 Feb

ADVERTISE HERE .