ပါလက်စတိုင်းနှင့် အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို အစ္စရေးပြန်လွှတ်ပေး
02 Feb![](https://starfmradio.live/storage/news/V3LJ4-041547-TRH.jpg)
အစ္စရေးနိုင်ငံသည် ဟားမက်စစ်သွေးကြွအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ၎င်းတို့ထိန်းသိမ်း ထားသည့် ပါလက်စတိုင်းနှင့် အီဂျစ်အကျဉ်းသား ၁၈၃ ဦးကို ဖေဖော်ဝါရီလ ၁ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ အစ္စရေးအစိုးရသည် ၎င်းတို့ပြန်လွှတ်ပေးလိုက်သည့် အကျဉ်းသားများအား ကြက်ခြေနီအဖွဲ့မှတစ်ဆင့် ပါလက် စတိုင်းသို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်သည်။ ၎င်းအကျဉ်းသားများအနက် ၁၅၀ ဦးမှာ ဂါဇာကမ်းမြောင်ဒေသမှ ဖြစ်ပြီး ၃၂ ဦးမှာ အနောက်ဘက်ကမ်းခြေဒေသနှင့် ကျန်တစ်ဦးမှာ အီဂျစ်နိုင်ငံသားဖြစ်ကြောင်း သိရသည်။ ဟားမက်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံသုံးဦးအား ဖေဖော်ဝါရီလ ၁ ရက်အစောပိုင်းက ပြန်လွှတ်ပေးပြီးနောက် အစ္စရေးက ပါလက်စတိုင်းနှင့် အီဂျစ်နိုင်ငံသားတို့ပါဝင်သည့် အကျဉ်းသားများကို ပြန်လွှတ်ပေး လိုက်ခြင်းဖြစ်သည်။ အစ္စရေးနှင့် ပါလက်စတိုင်းဟားမက်တို့ကြား အကျဉ်းသား အပြန်အလှန်လွှဲပြောင်းပေးမှုသည် စတုတ္ထ အကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။