သမ္မတ ပူတင် နှင့် ဆွေးနွေးသည်နှင့်တစ်ပြိုင်နက် ထူးခြားကောင်းမွန်သည့်ရလဒ်ထွက်ပေါ်မည်ဟု ထရမ့် မျှော်လင့်
02 Feb![](https://starfmradio.live/storage/news/7Y3oW-041531-kdw.jpg)
ရှရှားသမ္မတ ဗလာဒီမာပူတင် နှင့် ဆွေးနွေးသည်နှင့်တစ်ပြိုင်နက် ထူးခြားကောင်းမွန်သည့်ရလဒ် ထွက်ပေါ် လာမည်ဟုမျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားသည်။ မိမိတို့နှစ်ဦးကြား ဆွေးနွေးမှုများကို လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါဆွေးနွေးမှုမှထူးခြားသည့် ရလဒ်ထွက်ပေါ် လာနိုင်ကြောင်း ထရမ့် က ဇန်နဝါရီလ ၃၁ ရက်တွင် အိမ်ဖြူတော်၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက် များကို ပြောသည်။ ထို့ပြင် မိမိတို့အနေဖြင့် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် လေးနက်သည့်ဆွေးနွေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။ သို့ရာတွင် ပူတင် နှင့် ဆွေးနွေးခြင်းရှိ၊ မရှိဟူသော မေးမြန်း ချက်ကို ၎င်းကအတိအကျဖြေကြားခဲ့ခြင်းမရှိပေ။ အမေရိကန်ပြည်ထောင်စုတွင် ထရမ့်သမ္မတအဖြစ် ဒုတိယသက်တမ်း စတင်ထမ်းဆောင်ခဲ့ပြီးချိန်မှစ၍ ရုရှားသမ္မတ ပူတင် နှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟု ထရမ့် က ထပ်တလဲလဲပြောကြားထားကြောင်း သိရသည်။