ဒေါ့မွန်အသင်းက နည်းပြ နီကိုကိုဗက် အား နည်းပြသစ်အဖြစ်ခန့်အပ်
01 Feb![](https://starfmradio.live/storage/news/hKVpC-022944-LuT.jpg)
ဒေါ့မွန်အသင်းက အသင်းနည်းပြသစ်အဖြစ် နည်းပြ နီကိုကိုဗက် အား ခန့်အပ်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ နည်းပြ နီကိုကိုဗက် ဟာ ဒေါ့မွန်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ နည်းပြ နီကိုကိုဗက် အနေနဲ့ နည်းပြဘဝတစ်လျှောက် ဘိုင်ယန်မြူးနစ်၊ မိုနာကို၊ ဝုဖ်ဘတ် စတဲ့အသင်းများအပြင် အခြားကလပ်အသင်းများကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူ နည်းပြတစ်ဦးဖြစ်ပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြ နီကိုကိုဗက် က ဒေါ့မွန်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရလို့ ဝမ်းသာ မိကြောင်း၊ ယုံကြည်မှုပေးတဲ့ အသင်းတာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်းနဲ့ ဒေါ့မွန်အသင်း တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
01 Feb