လိုက်ပ်ဇစ်အသင်းက တောင်ပံကစားသမား ဆိုင်မွန် ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်းထုတ်ပြန်
01 Feb![](https://starfmradio.live/storage/news/ZABtZ-022918-EXZ.jpg)
လိုက်ပ်ဇစ်အသင်းက ပီအက်စ်ဂျီအသင်းမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် တောင်ပံကစားသမား ဆိုင်မွန် ကို အပြောင်းအရွှေ့မပိတ်မီ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန် ခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းက အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမား ဆိုင်မွန် ကို ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး ယခုနှစ်တွင် ဒုတိယမြောက်အငှားစာချုပ်ဖြင့် ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ဆိုင်မွန် အနေနဲ့ လိုက်ပ်ဇစ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့လို့ အသင်းတာဝန်ရှိသူများက အပြီးသတ်ဝယ်ယူခွင့်ရရန် ကြိုးပမ်းခဲ့ရာ ယူရို သန်း ၅၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဆိုင်မွန် အနေနဲ့ လိုက်ပ်ဇစ်အသင်းသို့ ၂၀၂၃ ခုနှစ်မှာ ရောက်ရှိခဲ့ပြီးနောက် အသင်းနှင့်အတူ ဂျာမန်စူပါဖလား ရယူနိုင်ခဲ့သည့်အပြင် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။(NVS 008)