ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်တွင် မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ တွေ့ဆုံ

01 Feb

ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်များမဲခွဲမှုအပြီးတွင် မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ တွေ့ဆုံနေကြောင်း သိရပါတယ်။ ယခုနှစ် ဘောလုံးရာသီတွင် ပုံစံသစ်ဖြင့်ကျင်းပသည့် စည်းမျဉ်းများအရ ပြိုင်ပွဲဝင်ကလပ်အသင်းများက အုပ်စု အဆင့်ရှစ်ပွဲစီ ကစားပြီးချိန်တွင် အမှတ်ပေးဇယား၌ အဆင့်(၁)မှ(၈)နေရာတွင် ရပ်တည်ခဲ့သည့် အသင်းများက ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ခဲ့ပြီး အဆင့်(၉)မှအဆင့်(၂၄)နေရာထိ အသင်းများက ရှုံးထွက်အဆင့် ကစားပြီး အနိုင်ရရှိမှသာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအတွက် မဲခွဲအပြီးမှာ ဘရက်အသင်းနှင့် ပီအက်စ်ဂျီအသင်း၊ ဘရုဂျက် အသင်းနှင့် အတ္တလန်တာအသင်း၊ မန်စီးတီးအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်း၊ ဂျူဗင်တပ်အသင်းနှင့် ပီအက်စ်ဗွီအသင်း၊ မိုနာကိုအသင်းနှင့် ဘင်ဖီကာအသင်း၊ စပို့တင်းလစ္စဘွန်းအသင်းနှင့် ဒေါ့မွန်အသင်း၊ ဆဲတစ်အသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်း၊ ဖီရင်နုအသင်းနှင့် အေစီမီလန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရှုံးထွက်ပထမအကျော့ ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့မှာ ကစားသွားမှာဖြစ်ပါတယ်။(NVS 008)

01 Feb

ADVERTISE HERE .