ရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့သည့် ဂါလာတာစာရေးအသင်း

01 Feb

အေဂျက်အသင်းနဲ့ ဂါလာတာစာရေးအသင်းတို့ ကစားခဲ့သည့် ယူရိုပါလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် အေဂျက်အသင်းက နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ ဂါလာတာစာရေးအသင်းရဲ့ ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရပါတယ်။ ဂါလာတာစာရေးအသင်းဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာကစားခဲ့တဲ့ ယန်းဘွိုင်းအသင်းနဲ့ ချန်ပီယံလိဂ် play-off ပွဲစဉ် ရှုံးနိမ့်ခဲ့ပြီးနောက် စက်တင်ဘာလမှစတင်ကာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးဘဲ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားခဲ့ပေမယ့် အေဂျက်အသင်းကို ယူရိုပါလိဂ်ပွဲစဉ်၌ ရှုံးနိမ့်ခဲ့ရကာ အမှတ်ပေးဇယားတွင် အဆင့်(၁၄)၌ရပ်တည်နေခဲ့လို့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်တက်ရောက်နိုင်ရန် play-off ထပ်မံကစားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်တွင် ဂါလာတာစာရေးအသင်းက ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိနိုင်ရန် ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားခဲ့ပေမယ့် အေဂျက်အသင်းရဲ့ ဦးဆောင်ဂိုးသွင်းယူမှုကို ခံခဲ့ရပြီး ပွဲပြီးချိန်မှာ နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့လို့ ၂၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်လည်း ရပ်တန့်ခဲ့ရပါတယ်။(NVS 008)

01 Feb

ADVERTISE HERE .