ကလပ်အသင်းများနဲ့ အနိုင်ရရှိသည့် ပွဲပေါင်း ၇၀၀ ပြည့် မှတ်တမ်းရရှိခဲ့တဲ့ စီရော်နယ်ဒို
01 Feb![](https://starfmradio.live/storage/news/OZa5i-022752-EvO.jpg)
ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် အယ်နာဆာအသင်းက အယ်ရက်ဒ်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ စီရော်နယ်ဒို က အသင်းအတွက် သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် ကစားသမားဘဝ ကလပ်အသင်းများနဲ့ နိုင်ပွဲရသည့် ပွဲပေါင်း ၇၀၀ ပြည့်မြောက်ခဲ့သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိ တိုက်စစ်မှူး စီရော်နယ်ဒို ဟာ ယခုနှစ်ဘောလုံးရာသီတွင် ကစားသမားဘဝ သွင်းဂိုး ၉၀၀ ကျော်လွန်ခဲ့သည့် စံချိန်သစ်ကိုရရှိခဲ့ပြီးနောက် ၎င်း၏စံချိန်ကို လိုက်မီနိုင်မည့်သူ မရှိသေးဘဲ ယခုအခါအမှတ်ပေး ပြိုင်ပွဲအဖြစ် အယ်ရက်ဒ်အသင်းကို ၎င်း၏သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီး ကစားသမားဘဝ ကလပ်အသင်းတွင် ၎င်း၏သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည့် ပွဲပေါင်း ၇၀၀ ပြည့်မြောက်သည့်စံချိန်သစ်တစ်ခုကို ထပ်မံရရှိခဲ့သည်။ စီရောနယ်ဒို အနေနဲ့ ဆော်ဒီပရိုလိဂ်သို့ ရောက်ရှိခဲ့ပြီးနောက် အယ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၉၄ ပွဲ ပါဝင်ကစားကာ သွင်းဂိုး ၈၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ကစားသမားဘဝတစ်ဦးချင်း မှတ်တမ်းကောင်းများ ထပ်မံရရှိ ခဲ့သော်လည်း အသင်းကို ဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်သေးခြင်း မရှိသေးတာဖြစ်ပါတယ်။(NVS 008)