စပိန်လာလီဂါ တစ်လတာအကောင်းဆုံးဆုများကို ရီးရဲလ်မက်ဒရစ်ကစားသမား အမ်ဘတ်ပီ နဲ့ ဘယ်လင်ဂမ် တို့ရရှိ
01 Feb![](https://starfmradio.live/storage/news/er803-044728-hmQ.jpg)
စပိန်လာလီဂါအဖွဲ့ချုပ်ကပေးအပ်သည့် ဇန်နဝါရီလအတွက် စပိန်လာလီဂါပြိုင်ပွဲ တစ်လတာအကောင်းဆုံးကစား သမားဆုနဲ့ အသက် ၂၃ နှစ်အောက် တစ်လတာအကောင်းဆုံး လူငယ်ကစားသမားဆုတို့ကို ရီးရဲလ်မက်ဒရစ်အသင်းမှ အမ်ဘတ်ပီ နဲ့ ဘယ်လင်ဂမ် တို့ ရရှိခဲ့ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်း တိုက်စစ်ကစားသမား အမ်ဘတ်ပီ နဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ် တို့က အသင်းနဲ့အတူ ဇန်နဝါရီလအတွင်းကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ တစ်လတာအကောင်းဆုံး ကစားသမားဆုကို အမ်ဘတ်ပီ က ရရှိခဲ့ပြီး အသက် ၂၃ နှစ်အောက် တစ်လတာအကောင်းဆုံး လူငယ်ကစားသမားဆုကို ဘယ်လင်ဂမ် က ရရှိခဲ့တာဖြစ်ပါတယ်။ အမ်ဘတ်ပီ အနေနဲ့ လက်ရှိဘောလုံးရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းပွဲစဉ်များတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် လက်စ်ပါးမက်စ်အသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုး၊ ဗယ်လာဒိုးလစ်အသင်းနဲ့ပွဲစဉ်မှာ သုံးဂိုးအထိ သွင်းယူနိုင်ခဲ့လို့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။(NVS 008)