အယ်လ်နာဆာအသင်းတိုက်စစ်မှူး တာလစ္စကာ အား ဖီနာဘာချီအသင်းခေါ်ယူ
01 Feb![](https://starfmradio.live/storage/news/8vwCp-044710-ind.jpg)
ဖီနာဘာချီအသင်းက အယ်လ်နာဆာအသင်း တိုက်စစ်မှူး တာလစ္စကာ အားခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ တိုက်စစ်မှူး တာလစ္စကာ နဲ့ ဖီနာဘာချီအသင်းတို့က တစ်နှစ်ခွဲသက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုမှာဖြစ်ပါတယ်။ တိုက်စစ်မှူး တာလစ္စကာ ဟာ အယ်လ်နာဆာအသင်းနဲ့အတူ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၁၀ ကစားပြီး ၇၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့လို့ ဖီနာဘာချီအသင်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှူး တာလစ္စကာ အနေနဲ့ ဖီနာဘာချီအသင်းမှာ ကျောနံပါတ် ၉၄ ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။(NVS 008)
01 Feb