မန်ယူအသင်းက ရက်ရှ်ဖို့ဒ် အား ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများထံ ရောင်းချလိုခြင်းမရှိ

01 Feb

မန်ယူအသင်းက တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ် ကို ရောင်းချရန်စီစဉ်နေသော်လည်း ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းများထံ ရောင်းချလိုခြင်းမရှိကြောင်း သိရပါတယ်။ မန်ယူအသင်း လက်ရှိနည်းပြ အာမိုရင် က ရက်ရှ်ဖို့ဒ် ကို အသင်းမှာနေရာပေးလိုခြင်း မရှိတဲ့အတွက် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ် အားခေါ်ယူရန် ဥရောပထိပ်တန်းကလပ်အသင်းများနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများက စိတ်ဝင်စားလျက်ရှိနေပါတယ်။ လက်ရှိတွင် ရက်ရှ်ဖို့ဒ် အနေနဲ့ အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းနဲ့ သဘောတူညီမှုရရှိရန် နီးစပ် နေကြောင်း သိရပါတယ်။(NVS 008)

01 Feb

ADVERTISE HERE .