ဒန်နီမာဖီ က လီဗာပူးလ်အသင်းသို့ ဆာနေး အားခေါ်ယူရန် တိုက်တွန်း
01 Feb
လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဒန်နီမာဖီ က ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား ဆာနေး အား ခေါ်ယူရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျာမနီလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာနေး အနေနဲ့ ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိတွင် ပြည်ပကလပ်အသင်းများနဲ့ အကြိုစာချုပ် ချုပ်ဆိုခွင့်ရှိနေတာဖြစ်ပါတယ်။ လာမည့် နွေရာသီအပြောင်းအရွှေ့တွင် ဥရောပထိပ်တန်းအသင်းများက ဆာနေး အား ခေါ်ယူရန် စိတ်ဝင်စား နေကြပြီး ၎င်းအသင်းများတွင် လီဗာပူးလ်အသင်းကလည်း ပါဝင်နေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ၂၀၂၅ နွေရာသီအပြောင်းအရွှေ့တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမှာဖြစ်လို့ ဆာနေး အား ဇန်နဝါရီ အပြောင်းအရွှေ့တွင် ယူရို သန်း ၃၀ ဖြင့် ရောင်းထုတ်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက အဓိကတိုက်စစ်ကစားသမား ဆာလတ် ကို လက်လွှတ်ရဖွယ်ရှိနေလို့ ၎င်းရဲ့နေရာမှာ အစားထိုးနိုင်ရန် ဆာနေး ကို ၂၀၂၅ နွေရာသီအပြောင်းအရွှေ့တွင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ပစ်မှတ်ထား နေပါတယ်။(NVS 008)