ချူအာမန်နီ ကို ရောင်းထုတ်ရန် ရီးရဲလ်မက်ဒရစ်အသင်းစီစဉ်

01 Feb

ရီးရဲလ်မက်ဒရစ်အသင်းက ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ချူအာမန်နီ ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့တွင် ရောင်းထုတ်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ချူအာမန်နီ အနေနဲ့ ၂၀၂၂ ခုနှစ်တွင် မိုနာကိုအသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ဖြင့် ရောက်ရှိခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ၎င်းရဲ့ခြေစွမ်းကို နှစ်သက်မှုမရှိတော့လို့ ပြန်လည် ရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ချူအာမန်နီ ကို လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီးနှင့် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားလျက် ရှိနေပါတယ်။ လီဗာပူးလ်အသင်းက ချူအာမန်နီ ကိုခေါ်ယူရန် ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ရီးရဲလ်အသင်းက ယူရို သန်း ၇၀ အထိ အလိုရှိနေတာကြောင့် ပယ်ချခဲ့ကြောင်း သိရပါတယ်။(NVS 008)

01 Feb

ADVERTISE HERE .