“ခြေသလုံးဒဏ်ရာကြောင့် ၃ ပတ်ခန့် အနားယူရဖွယ်ရှိနေတဲ့ မတ်ဒီဆန်”

31 Jan

စပါးကွင်းလယ်ကစားသမား မတ်ဒီဆန် ဟာ ခြေသလုံးဒဏ်ရာကြောင့် ၃ ပတ်ခန့် အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် မတ်ဒီဆန် က ဟော်ဖန်ဟင်မ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ခြေသလုံးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကြောင့် လက်စတာအသင်းကို ရှုံးနိမ့်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့တဲ့အပြင် ၃ ပတ်ခန့် အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ စပါးအသင်းက ယခုရာသီမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေ ရပြီး ရလဒ်များဆိုးရွားလျက်ရှိပါတယ်။ မတ်ဒီဆန်အနေနဲ့ ယခုဒဏ်ရာကြောင့် လီဗာပူးလ်နှင့် လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့အပါအဝင် အသင်းရဲ့ ပွဲစဉ် ၅ ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက အနားယူနေရတဲ့ စပါးအသင်းရဲ့ အဓိကနောက်ခံကစားသမား ဗန်ဒီဗန် မှာမူ အသင်းနှင့်လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ယခုအပတ်တွင် ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

31 Jan

ADVERTISE HERE .