“ရလဒ်ဆိုးများကြောင့် အယ်လ်အစ်တီဖတ်အသင်းနှင့် နည်းပြဖြစ်သူ စတီဗင်ဂျရတ် တို့လမ်းခွဲ”

31 Jan

ဆော်ဒီလိဂ်ပြိုင်ပွဲမှာ ရလဒ်မကောင်းဘဲ ရုန်းကန်နေရတဲ့ အယ်လ်အစ်တီဖတ်အသင်းက နည်းပြဖြစ်သူ စတီဗင်ဂျရတ်နှင့် ဇန်နဝါရီလ ၂၉ ရက်မှာ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဂျရတ် က ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ အယ်လ်အစ်တီဖာအသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ၂၀၂၇ ခုနှစ်အထိ နှစ်နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ယခုရာသီ ဆော်ဒီလိဂ်ပြိုင်ပွဲမှာ ရလဒ်မကောင်းဘဲ ရုန်းကန်နေရတာကြောင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါ တယ်။ အယ်လ်အစ်တီဖတ်အသင်းက ဂျရတ် ကိုင်တွယ်တဲ့ ပထမရာသီမှာ ၃၄ ပွဲကိုင်တွယ်ခဲ့ရာမှာ ရမှတ် ၄၈ မှတ်နဲ့ အဆင့် (၆) နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ယခုရာသီမှာတော့ ၁၇ ပွဲကစားပြီးနောက် ငါးပွဲသာ အနိုင်ရထားပြီး လေးပွဲ သရေ၊ ရှစ်ပွဲရှုံး၊ ရမှတ် ၁၉ မှတ်နဲ့ အဆင့် (၁၂) နေရာမှာ ရပ်တည်နေပါတယ်။ ဒါကြောင့် ဂျရတ် က ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြင့် နုတ်ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ရာ အသင်းကလည်း ခွင့်ပြုခဲ့ပါတယ်။ (NVS 008)

31 Jan

ADVERTISE HERE .