“ဇန်နဝါရီလမှာ အင်အားဖြည့်တင်းနေတဲ့ လေဗာကူဆင်”
30 Jan
ဂျာမန်ဘွန်ဒက်စ်လီဂါရဲ့ လက်ရှိချန်ပီယံ လေဗာကူဆင်အသင်းဟာ ဇန်နဝါရီစျေးကွက်မှာ ကစားသမား အင်အားဖြည့်တင်းမှုအဖြစ် အက်စတွန်ဗီလာအသင်းရဲ့ အာဂျင်တီးနားကွင်းလယ်လူ ဘွန်ဒီယာ ကို ရာသီကုန်ထိ အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘွန်ဒီယာ ဟာ ဗီလာအသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲကစားခွင့် ရထားခဲ့ပြီး အပြီးသတ်ခေါ်ခွင့်မပါဝင်တဲ့ အငှားသီးသန့်စာချုပ်ဖြစ်သလို ရာသီကုန်ချိန်မှာ အသင်းဆီ ပြန်ရောက် လာမှာ ဖြစ်ပါတယ်။ လေဗာကူဆင်အသင်းဟာ အပြောင်းအရွှေ့စျေးကွက်မပိတ်ခင်မှာ ဘွန်ဒီယာ အပြင် မန်စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့် မက်စ်စတီး ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ လေဗာကူဆင်အသင်းဟာ ၁၉ ပွဲကစားပြီးချိန်မှာ ဘိုင်ယန်မြူးနစ်ရဲ့နောက် ဒုတိယနေရာမှာရှိနေပြီး လက်ရှိချန်ပီယံ ဘွဲ့ကို ကာကွယ်နိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ (NVS 008)