“ဖာရာရီအသင်းနှင့် ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ဟာမီလ်တန်”
30 Jan
ဗြိတိန်ကားမောင်းသမား လူးဝစ်ဟာမီလ်တန် ဟာ ဖော်မြူလာဝမ်း ရာသီသစ်အတွက် အသင်းသစ် ဖာရာရီနဲ့ အတူ ပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ ဟာမီလ်တန်နဲ့ ဖာရာရီအသင်းဖော် လက်စ်လား တို့ဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့က ကားပြိုင်ကွင်းမှာ ဖာရာရီ အသင်း ပြိုင်ကားကို စမ်းသပ်မောင်းနှင်ခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က အီတလီနိုင်ငံမှာ ပြိုင်ကားစမ်း သပ်မောင်းနှင်ခဲ့သလို အခု စပိန်မှာလည်း နောက်တစ်ကြိမ်မောင်းနှင်ခဲ့တာပါ။ ဟာမီလ်တန် က ဖာရာရီအသင်းနဲ့အတူ အောင်မြင်မှုရဖို့မျှော်လင့်နေသလို ဖာရာရီအသင်းဘက်ကလည်း ဟာမီလ်တန် အတွက် ပြည့်စုံတဲ့ထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးသွားမယ်လို့ပြောထားပါတယ်။ ဟာမီလ်တန်နဲ့ လက်စ်လား တို့ဟာ ၂၀၂၃ ဖော်မြူလာဝမ်းရာသီမှာ အသုံးပြုခဲ့တဲ့ ပြိုင်ကားကိုစမ်းသပ်မောင်းနှင်ခဲ့ပြီး ၂၀၂၅ ရာသီမှာ အသုံးပြုမယ့် ပြိုင်ကားကိုတော့ လာမယ့်ဖေဖော်ဝါရီလ ၁၉ ရက်မှာ တရားဝင်ပြသသွားမယ်လို့ သိရပါတယ်။ (NVS 008)