“ချန်ပီယံလိဂ် Knockout Play-offs ကိုတက်ရောက်နိုင်ပေမယ့် ပွဲကြပ်နဲ့ရင်ဆိုင်ရဖွယ်ရှိတဲ့ မန်စီးတီးအသင်း”

30 Jan

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားပွဲစဉ်များပြီးဆုံးခဲ့လို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် တိုက်ရိုက်တက်ရောက်ခွင့်ရတဲ့ ၈ သင်းမှာ အခုနှစ်မှာ ရလဒ်ကောင်း တွေကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်းအပါအဝင် ဘာစီလိုနာ၊ အာဆင်နယ်၊ အင်တာမီလန်၊ အက်သလက်တီကို၊ လေဗာကူဆင်၊ လိုင်လီ၊ အက်စတွန်ဗီလာ အသင်းပါဝင်ခဲ့ပါတယ်။ Knockout Play-offs ဆီဒင်ရ ၈ သင်းမှာတော့ အတ္တလန်တာ၊ ဒေါ့မွန်၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အေစီမီလန်၊ PSV၊ PSG၊ ဘင်ဖီကာ တို့ပါဝင်ခဲ့ပြီး Knockout Play-offs ဆီဒင်မဲ့ ၈ သင်းမှာ မိုနာကို၊ ဘရက်စ်၊ ဖီယင်နု၊ ဂျူဗင်တပ်စ်၊ ဆဲလ်တစ်၊ မန်စီးတီး၊ စပို့တင်းလစ္စဘွန်း၊ ကလပ်ဘရုဂါ အသင်းတို့ပါဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရတဲ့ အသင်းက ၁၂ သင်း ရှိခဲ့တာ ဖြစ်ပါတယ်။ Knockout phase play-offs အဆင့် ပွဲစဉ်ရေးဆွဲပွဲကို ဇန်နဝါရီလ ၃၁ ရက်တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက Knockout phase play-offs အဆင့်မှာ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘိုင်ယန်မြူးနစ်အသင်းနှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

30 Jan

ADVERTISE HERE .