French Open တင်းနစ်ပြိုင်ပွဲမှသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဂျိုကိုဗစ် ပြော
28 Jan
ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်ကျင်းပခဲ့တဲ့ ဩစတေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှ ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရတဲ့ ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ် အနေနဲ့ ဒဏ်ရာအား အချိန်ယူ၍ ကုသမှု ခံယူရမှာဖြစ်လို့ French Open တင်းနစ်ပြိုင်ပွဲမှသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ French Open တင်းနစ်ပြိုင်ပွဲကို လာမည့် မေလ ၂၅ ရက်တွင် စတင်ကျင်းပမှာဖြစ်ပြီး ဂျိုကိုဗစ် အနေနဲ့ မေလမတိုင်မီ ကျင်းပသောပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့တာဖြစ်ပါတယ်။ တင်းနစ်လောကတွင် ဂရန်းစလန်းဆုဖလား အများဆုံးဆွတ်ခူးထားနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ရေးအတွက် ဩစတေးလျ အိုးပင်းပြိုင်ပွဲတွင် အကောင်းဆုံးကြိုးစားခဲ့သော်လည်း ဒဏ်ရာကြောင့် ရည်မှန်းချက်နဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဂျိုကိုဗစ် က ဒဏ်ရာအခြေအနေကို စစ်ဆေးကြည့်ရာ ပေါင်ခြံကြွက်သားဒဏ်ရာဖြစ်ပြီး ဒဏ်ရာကပြင်းထန် နေလို့ လေးလလောက်အနားယူရမှာဖြစ်ကာ ပြိုင်ပွဲများနဲ့ ခေတ္တဝေးကွာနေမှာဖြစ်ကြောင်းနဲ့ ဒဏ်ရာမှ အမြန်ဆုံး သက်သာအောင်ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)