မိုနာကိုအသင်းက ဝိုင်နယ်လ်ဒမ် ကို ခေါ်ယူရန်စီစဉ်

28 Jan

မိုနာကိုအသင်းက အယ်လ်အစ်တီဖတ်အသင်း ကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒမ် ကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒမ် ဟာ အယ်လ်အစ်တီဖတ်အသင်းနဲ့ အတူ ၂၀၂၃-၂၀၂၄ ရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၅၃ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့လို့ မိုနာကိုအသင်းက ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒ်မ် ကိုယ်တိုင်က လက်ရှိတွင် အယ်လ်အစ်တီဖတ်အသင်းအသင်း တာဝန်ရှိသူများနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေခဲ့လို့ အသင်းမှထွက်ခွာချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် မိုနာကိုအသင်းက လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာ ဝိုင်နယ်လ်ဒမ် ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။(NVS 008)

28 Jan

ADVERTISE HERE .