ကိုမိုအသင်းသို့ ပြောင်းရွှေ့ကစားမည့် ဒယ်လီအလီ

28 Jan

အဲဗာတန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီ အနေနဲ့ စီးရီးအေကလပ် ကိုမိုအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး အဲဗာတန်အသင်းတွင် လေ့ကျင့်ရေးဆက်လက်ဆောင်ရွက်နေတဲ့ ဒယ်လီအလီ က ကိုမိုအသင်းနဲ့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ၁၈ လသက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ ဒယ်လီအလီ ဟာ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ဒဏ်ရာပြဿနာ များနဲ့သာ ရုန်းကန်နေရတဲ့အတွက် ခြေစွမ်းပိုင်းကျဆင်းခဲ့သော်လည်း ကစားသမားဘဝမှ အနားယူခြင်းမရှိဘဲ ကိုမို အသင်းနဲ့ လက်တွဲခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

28 Jan

ADVERTISE HERE .