မန်ယူအသင်းက ကာရီးရက်စ် ကိုပြန်လည်ခေါ်ယူရန်ပြင်ဆင်

28 Jan

မန်ယူအသင်းက ဘင်ဖီကာအသင်းသို့ ရောင်းချခဲ့သည့် ခံစစ်ကစားသမား ကာရီးယက်စ် ကို လက်ရှိအပြောင်းအရွှေ့တွင် စာချုပ်ပါသဘောတူညီမှုအရ ယူရို သန်း ၂၀ ဖြင့် ပြန်လည်ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ ခံစစ်ကစားသမား ကာရီးရက်စ် အနေနဲ့ ၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့တွင် ဘင်ဖီကာအသင်းသို့ အငှားစာချုပ်ဖြင့် ရောက်ရှိခဲ့သော်လည်း စာချုပ်ကုန်ဆုံးချိန်မှာ ဘင်ဖီကာအသင်းက ပြောင်းရွှေ့ကြေးယူရို ခြောက်သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိတွင် မန်ယူအသင်းက ခံစစ်ပိုင်းလိုအပ်ချက်ကြောင့် စာချုပ်ပါသဘောတူညီချက်အတိုင်း ယူရို သန်း ၂၀ ဖြင့် ပြန်လည်ခေါ်ယူရန် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ အစောပိုင်းက စီးရီးအေကလပ် လက်ချီအသင်း ခံစစ်ကစားသမား ဒိုဂူ ကိုခေါ်ယူရန် နီးစပ်ခဲ့သော်လည်း နောက်ဆုံးအဆင့်ဆွေးနွေးမှု အောင်မြင်ခြင်းမရှိခဲ့လို့ ကာရီးရက်စ် ကို ပြန်လည်ခေါ်ယူရန် စီစဉ်ခဲ့တာဖြစ်ပါတယ်။(NVS 008)

28 Jan

ADVERTISE HERE .