“တန်းဆင်းဇုန်နားကပ်လာခဲ့တဲ့ စပါးအသင်း”
28 Jan
ပြီးခဲ့တဲ့ တနင်္ဂနွေကကစားခဲ့တဲ့ စပါးအသင်းနှင့် လက်စတာအသင်းတို့ပွဲစဉ်မှာ စပါးအသင်းက လက်စတာ အသင်းကို ရှုံးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် (၁၅) အထိ ကျဆင်းလာခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးဆုံးစံချိန်မှတ်တမ်းတစ်ခုဖြစ်ခဲ့သလို တန်းဆင်းဇုန်နဲ့လည်း ပိုမိုနီးကပ်လာခဲ့တာ ဖြစ်ပါတယ်။ လက်စတာ ဟာ ဒီပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ် ၇ ပွဲဆက်ရှုံးပွဲ ကြုံထားတဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် စပါးအသင်းဟာ ၁၉၁၂ ခုနှစ်နောက်ပိုင်း ၇ ပွဲဆက်ရှုံးထားတဲ့အသင်းတစ်သင်းကို ရှုံးနိမ့်မှုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယားအဆင့် (၁၅) အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သလို နည်းပြ ပိုစတီကိုဂလူး ရဲ့ အနာဂတ်ကလည်း လှုပ်ခတ်နေပါတယ်။ စပါးဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသရေကျပြီး ၆ ပွဲရှုံးထားတာကြောင့် ၂၀၀၈ ခုနှစ် မေလနောက်ပိုင်း အရှည်ကြာဆုံး ပရီးမီးယားလိဂ်နိုင်ပွဲပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ (NVS 008)