“မှတ်တမ်းကောင်းတစ်ခုရေးထိုးနိုင်ခဲ့တဲ့ ဗာဒီ”

28 Jan

လက်စတာအသင်းရဲ့ တိုက်စစ်မှူး ဗာဒီ ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မှတ်တမ်းကောင်း တစ်ခုကို ထပ်မံရေးထိုးနိုင်ခဲ့ပါတယ်။ လက်စတာရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး ဂျေမီ ဗာဒီ ကတော့ စပါးနဲ့ပွဲမှာ သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မှာတော့ ဒီရာသီပရီးမီးယားလိဂ် ဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်အထိရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုမှာ အသက် ၃၇ နှစ်နဲ့အထက် ကစားသမားတွေထဲ သွင်းဂိုး ၁၀ ဂိုးနဲ့အထက် ပါဝင်ပတ်သက်ထားနိုင်တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ် ဗာဒီ မတိုင်ခင် မန်ယူအသင်းကို တစ်ကျော့ပြန်လည် ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရော်နယ်ဒို က ၂၀၂၁-၂၂ ခုနှစ်ဘောလုံးရာသီမှာ စံချိန်တင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါမှတ်တမ်းကို ဂျေမီဗာဒီ က လိုက်မီနိုင်ခဲ့တာပဲဖြစ်ပါတယ်။ (NVS 008)

28 Jan

ADVERTISE HERE .