“ဩဇီအိုးပင်းချန်ပီယံဆု နှစ်နှစ်ဆက် ရယူနိုင်ခဲ့တဲ့ ဆင်နာ”

28 Jan

ဩစတြေးလျအိုးပင်းချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပြီး လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးတင်းနစ် သမားဆိုတာကို အီတလီတင်းနစ်သမား ဆင်နာ က သက်သေပြနိုင်ခဲ့ပါတယ်။ အခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဆီဒင် အဆင့်-၁ ရထားခဲ့တဲ့ ဆင်နာဟာ ဗိုလ်လုပွဲမှာ ဂျာမနီနိုင်ငံသား ဗီရက်ဗ် နဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်ခင် တားမြစ်ဆေးပြဿနာကြောင့် စိတ်ရှုပ်ထွေးစရာတွေ ဖြစ်ခဲ့ ပေမယ့် ဆင်နာ ဟာ သူ့ရဲ့အကောင်းဆုံးပုံစံကို အခုပြိုင်ပွဲမှာ ပြသသွားနိုင်ခဲ့ပါတယ်။ ဆင်နာဟာ အခုပြိုင်ပွဲ တစ်လျှောက် ဒုတိယအဆင့်နဲ့ စတုတ္ထအဆင့် ပွဲတွေမှာသာ ပွဲလတ် တစ်ပွဲစီ ရှုံးနိမ့်ခဲ့ရပြီး ဗိုလ်လုပွဲအပါအဝင်ကျန်တဲ့ အဆင့်တွေမှာတော့ ပြိုင်ဘက်တွေကို ၃ ပွဲပြတ်တွေနဲ့ အနိုင်ယူပြခဲ့ပါတယ်။ အခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲက သူ့အတွက် မယုံနိုင်စရာကောင်းတဲ့ ပြိုင်ပွဲဖြစ်ခဲ့သလို အခုပြိုင်ပွဲ လက်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပွဲအပြီးမှာ ဆင်နာက ပြောသွားခဲ့ပါတယ်။ (NVS 008)

28 Jan

ADVERTISE HERE .