“စီးရီးအေမှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့တဲ့ အင်ဇာဂီ”
28 Jan
လက်ချီအသင်းကို အနိုင်ရပြီးနောက် နည်းပြ ဆီမိုနီ အင်ဇာဂီ ဟာ စီးရီးအေနိုင်ပွဲ ၂၀၀ အမြန်ဆုံးပြည့်တဲ့ နည်းပြအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြအင်ဇာဂီဟာ လာဇီယို၊ အင်တာမီလန် အသင်းတွေနဲ့အတူ စီးရီးအေ ပွဲစဉ်ပေါင်း ၃၃၂ ပွဲမှာ နိုင်ပွဲ ၂၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ အရင်စံချိန်ဟောင်းကို ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီက စီးရီးအေပွဲစဉ် ၃၃၈ ပွဲကိုင်တွယ် အပြီးမှာ စီးရီးအေနိုင်ပွဲ ၂၀၀ ပြည့်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အယ်လီဂရီ ရဲ့ စံချိန်ကို အင်ဇာဂီ က ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ အင်ဇာဂီဟာ စီးရီးအေပွဲစဉ် ၃၃၂ ပွဲမှာ နိုင်ပွဲ ၂၀၀ ၊ ၅၉ ပွဲသရေနဲ့ ၇၃ ပွဲရှုံးမှတ်တမ်း ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ဧပြီလ ၁၀ ရက်မှာ လာဇီယိုအသင်းနဲ့ စီးရီးအေနည်းပြဘဝကို စတင်ခဲ့တဲ့ အင်ဇာဂီ ဟာ လာဇီယိုအသင်း ကို ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်အောင်တည်ဆောက်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အင်တာမီလန် အသင်းဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အင်ဇာဂီ က အင်တာမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရရှိအောင် ပြုလုပ်နိုင်ခဲ့ပြီး အခုရာသီမှာလည်း အမှတ်ပေးဇယားထိပ်က နာပိုလီအသင်းနဲ့ ၃ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည် နေပါတယ်။(NVS 008)