“ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းကို ပြန်လာခဲ့တဲ့ နေမာ”

28 Jan

ဘရာဇီးတိုက်စစ်မှူး နေမာ ဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဆော်ဒီကလပ် အယ်ဟီလယ်အသင်းနဲ့ စာချုပ်က လာမယ့်ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ၆ လကြိုတင် စာချုပ်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးမီက နေမာ ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေပြီး အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရတော့ ပရိုကစားသမားဘဝစတင်ရာ ဘရာဇီးကလပ် ဆန်းတို့စ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ နေမာနဲ့ ဆန်းတို့စ်အသင်းတို့ ၆ လစာချုပ်ချုပ်ဆိုမှာ ဖြစ်ပြီး အဆင်ပြေခဲ့မယ်ဆိုရင် ၁ နှစ်စာချုပ် ထပ်မံချုပ်ဆိုနိုင်ရန် စာချုပ်ထဲ ပါဝင်တယ်လို့ သိရပါတယ်။ (NVS 008)

28 Jan

ADVERTISE HERE .