“ဂိုးသမား နာဗတ်စ် ကို နယူးဝဲလ်အိုးဘွိုင်းစ်အသင်း ခေါ်ယူ”

27 Jan

အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းက ဝါရင့်ဂိုးသမား ကေလာနာဗတ်စ် ကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဝါရင့်ဂိုးသမား နာဗတ်စ် က ကစားသမားဘဝတစ်လျှောက်မှာ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ လီဗန်တေး စတဲ့ ကလပ်အသင်းများအပြင် အခြားကလပ် အသင်းများစွာမှာလည်း ကစားခဲ့ပြီးအတွေ့အကြုံရှိတဲ့ ဝါရင့် ဂိုးသမား တစ်ဦး ဖြစ်တာကြောင့် နယူးဝဲလ်အိုးဘွိုင်းစ်က ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိ ကေလာနာဗတ်စ်က နယူးဝဲလ်အိုးဘွိုင်းစ်အသင်း အောင်မြင်မှုများ ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

27 Jan

ADVERTISE HERE .