“အေစီမီလန်အသင်းမှာ ကျောနံပါတ် ၃၂ ဂျာစီ ဝတ်ဆင်ကစားသွားမယ့် ကိုင်လီဝေါ်လ်ကာ”
27 Jan
အေစီမီလန်အသင်းရဲ့ နောက်ခံကစားသမားသစ်ဖြစ်သူ ကိုင်လီဝေါ်လ်ကာ ဟာ အသင်းမှာ ကျောနံပါတ် ၃၂ ဂျာစီကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။ ကိုင်လီဝေါ်လ်ကာ ဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ မန်စီးတီးအသင်းကနေ အေစီမီလန် အသင်းသို့ အငှားနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်ခံကစားသမား ကိုင်လီ ဝေါ်လ်ကာ ဟာ မန်စီးတီး အသင်း နှင့်အတူ ပြိုင်ပွဲစုံ ၃၁၉ ပွဲကစားပြီး သွင်းဂိုး ၆ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အေစီမီလန်အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ အေစီမီလန်အသင်းက ကိုင်လီဝေါ်လ်ကာ ဟာ ကျောနံပါတ် ၃၂ ဂျာစီကို ဝတ်ဆင် ကစားသွားမှာဖြစ်ပြီး အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ရယူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ထုတ်ပြန်ခဲ့ ပါတယ်။ (NVS 008)
27 Jan