ကလပ်အသင်း၊ နိုင်ငံအသင်းများနဲ့ အောင်မြင်မှုတွေရယူလိုတဲ့ ဟာရီကိန်း
25 Jan
ဘိုင်ယန်မြူးနစ်အသင်းမှ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟာရီကိန်း က ကလပ်အသင်း၊ နိုင်ငံအသင်း တွေနဲ့အတူ အောင်မြင်မှုတွေရယူပြီး အနာဂတ်မှာ Ballon d’Or ဆုကို ရယူနိုင်ရန် ယုံကြည်လျက်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဥရောပတွင် ခြေစွမ်းတစ်သမတ်တည်းအရှိဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ကစားခဲ့သည့် ကလပ်အသင်းများတွင် ဂိုးသွင်းစံချိန်ကောင်းများကို ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နွေရာသီတွင် ဆုဖလားများရယူနိုင်ရန်အတွက် စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပေါင်သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းက ဖလားလက်မဲ့ဖြစ်ခဲ့လို့ ဟာရီကိန်း အတွက် စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပေမယ့် အနာဂတ်တွင် Ballon d’Or ဆုကို ရယူနိုင်မယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။ ဟာရီကိန်း က တစ်နေ့မှာ Ballon d’Or ဆုကို ရယူနိုင်မယ်လို့ယုံကြည်ပြီး အင်္ဂလန်အသင်း၊ ဘိုင်ယန်မြူးနစ် အသင်းတို့က ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းများဖြစ်ပြီး အောင်မြင်မှုတွေရရှိအောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)