စီရော်နယ်ဒို ရဲ့အိပ်မက်က ကမ္ဘာ့ဖလားရယူရန်ဖြစ်ကြောင်း ပြောခဲ့တဲ့ ဂျာအိုဖီးလစ်

25 Jan

ချဲလ်ဆီးအသင်း တိုက်စစ်ကစားသမား ဂျာအိုဖီးလစ် က နာမည်ကျော်ကစားသမား စီရော်နယ်ဒို ရဲ့ အိပ်မက်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားပြီး ကမ္ဘာ့ဖလားရယူရန်ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်တွင် အသက် ၄၀ ပြည့်မည့် စီရော်နယ်ဒို အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ပါဝင်ကစားနေချိန်တွင် ၎င်းရဲ့အသက်မှာ ၄၁ နှစ်ကို ကျော်လွန်နေမှာဖြစ်ပါတယ်။ သို့သော် စီရော်နယ်ဒို က ပေါ်တူဂီလက်ရွေးစင်အသင်းမှ အနားယူခြင်းမရှိသေးဘဲ ၂၀၂၆ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားပြီး ဆုဖလားရယူနိုင် ရန် မျှော်လင့်နေကြောင်း သိရပါတယ်။ အင်တာဗျူးအစီအစဉ်တစ်ခုတွင် ဂျာအိုဖီးလစ် က ခရစ္စတီယာနိုရော်နယ်ဒို အနေနဲ့ ကမ္ဘာ့ဖလားကိုရယူဖို့ အိပ်မက်မက်နေတာဖြစ်ပြီး သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အရာအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

25 Jan

ADVERTISE HERE .