ဒဏ်ရာကြောင့် ပြိုင်ပွဲမှနုတ်ထွက်သွားခဲ့တဲ့ ဂျိုကိုဗစ်
25 Jan
ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာကျင်းပနေတဲ့ ဩစတေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ် နဲ့ ဂျာမနီတင်းနစ်ကစားသမား ဇီရက်ဖ် တို့ ယှဉ်ပြိုင်နေစဉ်အတွင်း ပထမပွဲငယ်အပြီးမှာ ဂျိုကိုဗစ် က ဒဏ်ရာရရှိခဲ့လို့ ဆက်လက်ကစားနိုင်ခြင်းမရှိတော့ဘဲ ပြိုင်ပွဲမှထွက်ခွာခဲ့ ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်တွင် ပထမပွဲငယ်ကို ဇီရက်ဖ် က အနိုင်ရခဲ့ပြီးနောက် ဂျိုကိုဗစ် အနေနဲ့ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာကနာကျင်လာခဲ့တာကြောင့် ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဂျိုကိုဗစ် အနေနဲ့ ကစားသမားဘဝသက်တမ်းအတွင်း ၁၁ လုံးမြောက် ဩစတေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အခုလိုဒဏ်ရာရရှိခဲ့မှုကြောင့် လက်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။ အယ်ကာရက်ဇ် ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားအဆင့် ပွဲစဉ်မှာကတည်းက ဒဏ်ရာရရှိနေခဲ့တာဖြစ်ပြီး ဒဏ်ရာနဲ့ ဆက်လက်ယှဉ်ပြိုင်နေခဲ့လို့ ယခုလိုဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိခဲ့တာဖြစ်ကြောင်းလည်း ဂျိုကိုဗစ် က ပြောကြားခဲ့ပါတယ်။(NVS 008)