ဘာစီလိုနာအသင်းက နောက်ခံကစားသမား အာရူဂျို ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုး

25 Jan

ဘာစီလိုနာအသင်းက အသင်းမှပြောင်းရွှေ့ရန် စီစဉ်နေတဲ့ နောက်ခံကစားသမား အာရူဂျို ကို လာမည့် ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် အာရူဂျို ဟာ ခြေစွမ်းပိုင်းထက်မြက်သော်လည်း ဒဏ်ရာမကြာခဏရရှိနေခဲ့လို့ ဘာစီလိုနာအသင်းက အရောင်းစာရင်းတင်ခဲ့ရာ ဂျူဗင်တပ်အသင်းက တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။ အာရူဂျို နဲ့ ဘာစီလိုနာအသင်းရဲ့ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်ထိ သက်တမ်းရှိနေပြီး မကြာသေးမီက ကစားသမားအနေနဲ့ ကြွက်သားဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာချိန်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နောက်ထပ်ငါးနှစ် သက်တမ်းတိုးနိုင်ခဲ့တာဖြစ်ပါတယ်။(NVS 008)

25 Jan

ADVERTISE HERE .