ဆက်ကို အား လက်ရှိအပြောင်းအရွှေ့တွင် ရောင်းချမည်မဟုတ်ကြောင်း လိုက်ပ်ဇစ်အသင်းအတည်ပြု

24 Jan

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းများက ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရတဲ့ တိုက်စစ်ကစားသမား ဆက်ကို အား လက်ရှိဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းချသွားမှာမဟုတ်ဘဲ ရာသီကုန်မှသာ ရောင်းချရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း လိုက်ပ်ဇစ်အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်ကစားသမား ဆက်ကို ဟာ ၂၀၂၃ ခုနှစ်မှာ ဆဲလ်ဘတ်အသင်းမှ လိုက်ပ်ဇစ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဆက်ကို အားခေါ်ယူရန် ကာလရှည်ကြိုးပမ်းနေခဲ့ပြီး အောင်မြင်မှုမရှိခဲ့ဘဲ ဆက်ကို က လိုက်ပ်ဇစ်အသင်းနဲ့သာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဆက်ကို အနေနဲ့ လက်ရှိဘောလုံးရာသီတွင် လိုက်ပ်ဇစ်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းကို ပြသလျက်ရှိနေပြီး ပြိုင်ပွဲစုံ ၂၆ ပွဲတွင် ၁၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားခဲ့ကြောင်း သိရပါတယ်။(NVS 008)

24 Jan

ADVERTISE HERE .