“စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိသေးဘူးလို့ ဝန်ခံပြောကြားခဲ့တဲ့ ဒီဘရိုင်း”

24 Jan

ယခုရာသီကုန်မှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘယ်လ်ဂျီယံဝါရင့် ကွင်းလယ် ကစားသမား ဒီဘရိုင်း က စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိသေးကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်း က ယခုရာသီကုန်မှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဆော်ဒီနှင့် အမေရိကန်ကလပ်များက စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းက ဟာလန်း ကို ၉ နှစ်ခွဲ သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပေမယ့် ဒီဘရိုင်း ကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမရှိသေးဘူးလို့ သိရပါတယ်။ ဒီဘရိုင်း က စာချုပ်သစ်အတွက်ဆွေးနွေးမှု မရှိသေးပေမယ့် ယင်းအတွက် စိတ်မပူကြောင်း ပြောကြားခဲ့ ပါတယ်။ ဒီဘရိုင်း က အသက်အရွယ်ရလာပြီဖြစ်တဲ့အတွက် မန်စီးတီးအသင်းက တစ်နှစ်ချင်းသာ သက်တမ်းတိုးရန် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)

24 Jan

ADVERTISE HERE .