“မန်စီးတီးအသင်းနှင့်ပွဲစဉ်မှာ ဆာလီဘာ ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့ဆိုတဲ့ အာတီတာ”
24 Jan
အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာ က တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ ပြင်သစ် နောက်ခံကစားသမား ဆာလီဘာ အနေနဲ့ မန်စီးတီးနှင့်ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ ပါတယ်။ ဆာလီဘာ က တံကောက်ကြောဒဏ်ရာကြောင့် အက်စတွန်ဗီလာ၊ ဒိုင်နမိုဇာဂရက် တို့နှင့် ကစားခဲ့တဲ့ ပွဲစဉ် များကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာတီတာ က ဆာလီဘာ ရဲ့ ဒဏ်ရာမှာ တိုးတက်မှုရှိနေပြီး ဖေဖော်ဝါရီ လ ၂ ရက်မှာကစားမယ့် မန်စီးတီးနှင့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ ခြင်း ဖြစ်ပါတယ်။ ဆာလီဘာ က စပါးအသင်းနှင့်ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်း ရဲ့နောက်ခံလူဟောင်းဖြစ်တဲ့ ဂါးလက်စ် က ဆာလီဘာ ဟာ ၁၅ ရက်အတွင်း ၅ ပွဲ ကစားခဲ့ရခြင်းကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး အခုလိုအသုံးပြုခဲ့တာဟာ အာတီတာ ရဲ့ အမှားဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ (NVS 008)