“ဂါနာချို ကို ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေတဲ့ ချဲလ်ဆီးအသင်း”
24 Jan
ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းကစားသမား ဂါနာချို ကို ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၂၀ နှစ်အရွယ်သာရှိသေးတဲ့ ဂါနာချို ဟာ မန်ယူအသင်းရဲ့ အနာဂတ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထား ရပေမယ့် နည်းပြသစ် အာမိုရင် က အသင်းမှာ နေရာပေးလိုခြင်းမရှိတဲ့အပြင် မန်ယူအသင်းအနေနဲ့လည်း ဝင်ငွေထွက်ငွေ ဟန်ချက်ညီရန်အတွက် အကယ်ဒမီထွက်ကစားသမားများကို ရောင်းထုတ်ရန် လိုအပ်နေတာကြောင့် ဂါနာချို နဲ့ ယခုဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အသင်းနှင့် လမ်းခွဲရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဂါနာချို ကိုခေါ်ယူရန် နာပိုလီအသင်းက ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မန်ယူအသင်းက ပယ်ချခဲ့တဲ့ အတွက် ချဲလ်ဆီးအသင်းက အဆိုပါဈေးထက်မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။ မန်ယူအသင်းက ယူရိုသန်း ၇၀ အထိ အလိုရှိနေတဲ့အတွက် ငြင်းပယ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါ လူငယ်ကစားသမားများကို ဦးစားပေးခေါ်ယူနေတဲ့ ချဲလ်ဆီးအသင်းက ဂါနာချို ကို ကမ်းလှမ်းရန် စီစဉ်နေပြီး ၎င်း၏အေးဂျင့်များနှင့် ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ (NVS 008)