“ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်တက်ရောက်သွားတဲ့ လီဗာပူးလ်အသင်း”

23 Jan

လီဗာပူးလ်ကတော့ အိမ်ကွင်း အန်ဖီးလ်မှာ လိုင်လီကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ယူပြီး စနစ်သစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပွဲစဉ်နောက်ထပ်တစ်ပွဲသာ ကစားဖို့ ကျန်ရှိနေသေးပေမယ့် လီဗာပူးလ်အသင်းဟာ ၇ ပွဲကစားပြီးချိန်မှာ ၇ ပွဲ လုံးအနိုင်ရရှိပြီး ရမှတ် ၂၁ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ၇ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ပေးဂိုးက ၂ ဂိုးတည်းသာ ရှိခဲ့ပါတယ်။ စနစ်သစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၈ သင်းက ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာဖြစ်ပြီး အဆင့် ၉ ကနေ ၂၄ အထိ အသင်းတွေက play off ကစားပြီးမှ နောက်တစ်ဆင့်တက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းက ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး ၁၆ သင်းအဆင့် ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေအစောဆုံး ထွက်ခွာ ရဖွယ် ရှိနေပါတယ်။ (NVS 008)

23 Jan

ADVERTISE HERE .