“လာမယ့် ဆီးဂိမ်းမှာ အားကစားနည်းများ ပိုမိုပါဝင်ယှဉ်ပြိုင်သွားမည်”

23 Jan

လာမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အရင်နှစ်ထက် အားကစားနည်းတွေ ပိုမိုပါဝင် ယှဉ်ပြိုင်သွားမယ်လို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကနေ သိရပါတယ်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ကနေ ၂၀ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး အားကစားနည်း ၅၀ အထိ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၂၄ မျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပြီး ပြီးခဲ့တဲ့ (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတုန်းကတော့ အားကစားနည်း ၁၉ နည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခုအထိ ဆွတ်ခူးရရှိခဲ့ပါတယ်။ (NVS 008)

23 Jan

ADVERTISE HERE .