“အိုင်းရစ်အိုးပင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ဆိုတဲ့ မက်အီရွိုင်း”

23 Jan

မေဂျာဆုဖလား ၄ ကြိမ်ရရှိထားတဲ့ အိုင်ယာလန်ဂေါ့ဖ်သမား မက်အီရွိုင်း ဟာ စက်တင်ဘာလထဲမှာ ကျင်းပမယ့် အိုင်းရစ်အိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်မှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ၂၀၁၆ အိုင်းရစ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ မက်အီရွိုင်းအနေနဲ့ နောက်ထပ်တစ်ကြိမ် အောင်မြင်မှုကို ထပ်မံရယူပြနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကမ္ဘာ့အဆင့်(၃) နေရာမှာ ရပ်တည်နေတဲ့ မက်အီရွိုင်းဟာ မနှစ်က အိုင်းရစ်အိုးပင်းပြိုင်ပွဲမှာ အကောင်းဆုံး လက်စွမ်းကို ပြသနိုင်ခဲ့ပေမယ့် ဒိန်းမတ်နိုင်ငံသား ဟွိုက်ဂတ် ရဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က အိုင်းရစ်အိုးပင်းပြိုင်ပွဲကို ရွိုင်ရယ်ကောင်တီဂေါ့ဖ်ကလပ်မှာ ကျင်းပခဲ့ပေမယ့် အခုနှစ်ပြိုင်ပွဲကိုတော့ ၂၀၁၆ ပြိုင်ပွဲတုန်းက မက်အီရွိုင်းအောင်ပွဲခံခဲ့ဖူးတဲ့ ကေ(K)ဂေါ့ဖ်ကလပ်မှာ ပြောင်းလဲကျင်းပမှာဖြစ်လို့ မက်အီရွိုင်း အနေနဲ့ အောင်ပွဲထပ်မံရရှိဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ အခုနှစ် အိုင်းရစ်အိုးပင်းပြိုင်ပွဲကိုတော့ စက်တင်ဘာလ ၃ ရက်နေ့ကနေ ၇ ရက်အထိ ကျင်းပဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ (NVS 008)

23 Jan

ADVERTISE HERE .