“ဩစတြေးလျအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့တဲ့ ဆွီယာတက်ခ်”
23 Jan
ဇန်နဝါရီလ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဩစတြေးလျအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ကွာတား ဖိုင်နယ်မှာ ဆွီယာတက်ခ် ဟာ ပြိုင်ဘက် နာဗားရိုး ကို အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်ပွဲအဖြစ် ဆွီယာတက်ခ် ဟာ ဆီဒင်အဆင့်(၈)ရှိတဲ့ အမေရိကန်တင်းနစ်မယ် နာဗားရိုး နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ဆွီယာတက်ခ်က အကောင်းဆုံးလက်စွမ်းပြကစားနိုင်ခဲ့ကာ နှစ်ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်ဟာ ပွဲကစားချိန် တစ် နာရီခွဲသာ ကြာမြင့်ခဲ့ပြီးနောက် ဆွီယာတက်ခ် က ၆း၁၊၆း၂ ဆိုတဲ့ရလဒ်နဲ့ နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့် မှာတော့ ဆွီယာတက်ခ် ဟာ ဆီဒင်အဆင့်(၁၉) ရထားတဲ့အမေရိကန်တင်းနစ်မယ် မက်ဒီဆင်ကီးစ် နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ (NVS 008)
23 Jan