ကုန်ဈေးနှုန်းသတင်း ၂၂.၁.၂၀၂၅

22 Jan

ဇန်နဝါရီလ ၂၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်လာပြီး ပြောင်းဆန်နဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ပဲလွန်းနီဈေးကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ မန်ကျည်းသီဈေးတွေ ဈေးငြိမ်နေ သလို ထန်းလျက်နဲ့ သကြားဈေးတွေလည်း ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၈,၉၀၃ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၀,၁၅၃ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၆၅ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၉,၀၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၆,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၉၁၅ ကျပ်ကနေ ၄,၉၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၁၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၅,၄၃၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၇၀ ကျပ်ကနေ ၁,၆၉၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၇၅၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁၉,၀၀ ကျပ်ကနေ ၃,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၀,၈၀၀ ကျပ်ကနေ ၁၅,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၆,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ငါးကျီးကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၆၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၂၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၇၅ ကျပ်၊ မန္တလေးမှာ ၃,၁၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၅၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၄၀ ကျပ်၊ မန္တလေးမှာ ၃,၂၅၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၄၀ ကျပ်၊ မန္တလေးမှာ ၂,၈၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၈၂၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၆၅ ကျပ်၊ မန္တလေးမှာ ၃,၄၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၄၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၄၅၀,၀၀၀/-) ငါးဆယ် လေးသိန်း ငါးသောင်း ကျပ် ရှိပြီး ပြင်ပပေါက်ဈေး မှာ ကျပ်သိန်း (၆,၅၇၀,၀၀၀ိ/-) ခြောက်ဆယ် ငါးသိန်း ခုနစ်သောင်း ကျပ် ရှိနေတယ်လို့ သိရပါတယ်။

22 Jan

ADVERTISE HERE .