အသင်းဟောင်း ဆန်းတို့စ်သို့ ပြန်ရောက်ဖို့ နီးစပ်နေတဲ့ နေမာ

22 Jan

ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်အသင်းမှာ ကစားသမားဘဝကို ဖြတ်သန်းနေတဲ့ နေမာ အနေနဲ့ လက်ရှိဇန်နဝါရီစျေးကွက်အတွင်းမှာ ငယ်စဉ်က ကစားခဲ့တဲ့ အသင်းဟောင်း ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းထံ ၆ လအငှားနဲ့ သွားရောက်ကစားဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဘရာဇီးလ်သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ကြပါတယ်။ ဆန်းတိုစ့်အသင်းဟာ နေမာကို အငှားနဲ့ခေါ်ယူနိုင်ရေးအတွက် ဆော်ဒီကလပ်ထံ ကမ်းလှမ်းခဲ့ပြီး ညှိနှိုင်းမှုတွေ ဟာ လည်း တိုးတက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ နေမာ ဟာ အသက် ၂၁ နှစ်အရွယ်အထိ ဆန်းတို့စ်အသင်းအတွက် ၂၂၅ ပွဲကစားခဲ့ကာ ၁၃၆ ဂိုးသွင်းပြီး ဖန်တီးမှု ၆၄ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘာစီလိုနာအသင်းထံ ပြောင်းသွားခဲ့ပြီး အခုလို အငှားနဲ့ ပြန်လည်ရောက်ရှိလာမယ့် နေမာ ကို မွေးရပ်မြေမှာ ပြန်မြင်ရမှာဖြစ်လို့ ဆန်းတို့စ်ပရိသတ်တွေကလည်း ပျော်ရွှင်နေကြပါတယ်။(NVS 008)

22 Jan

ADVERTISE HERE .