ဖာရာရီနှင့် ခေတ်သစ်တစ်ခုကို စတင်ရန် ဟာမီလ်တန် မျှော်မှန်း

22 Jan

နာမည်ကြီး ဖော်မြူလာဝမ်းကားမောင်းသမား လူးဝစ် ဟာမီလ်တန်က ဖာရာရီအသင်းနဲ့အတူ ခေတ်သစ် တစ်ခုကို စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၄၀ အရွယ် ဟာမီလ်တန်ဟာ ဇန်နဝါရီလ ၂၀ ရက် က အသင်းသစ် ဖာရာရီအသင်းရဲ့ ရုံးကို ရောက်ရှိလာခဲ့ပြီးနောက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဟာမီလ်တန် ဟာ ၂၀၂၄ ဖော်မြူလာဝမ်း ရာသီအကုန် မှာ မာစီဒီးစ်အသင်းနဲ့ စာချုပ်ပြည့်ခဲ့တာကြောင့် မာစီဒီးစ်ရဲ့ ပြိုင်ဘက် ဖာရာရီအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းသစ်နဲ့အတူ အကောင်းဆုံး စတင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ သမိုင်းဝင် အသင်းတစ်သင်းနဲ့အတူ ခေတ်သစ်တစ်ခုကိုစတင်ဖို့ ပထမဆုံးနေ့ဖြစ်ပြီး ဖာရာရီအသင်းနဲ့အတူ မှတ်တမ်းတွေရေးထိုးနိုင်ဖို့အတွက် မစောင့်နိုင်အောင် ဖြစ်မိပါတယ်လို့ ဖော်မြူလာဝမ်း ကမ္ဘာ့ ချန်ပီယံဆုကို ၇ ကြိမ် အထိရရှိထားတဲ့ ဟာမီလ်တန်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဟာမီလ်တန် ဟာ မက္ကလာရင်၊ မာစီဒီးစ်အသင်းများနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူး ပြီး အခုအခါ တတိယမြောက် ဖော်မြူလာဝမ်းအသင်းအဖြစ် ဖာရာရီကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)

22 Jan

ADVERTISE HERE .