“စီးရီးအေကလပ် ကိုမိုအသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ အလီ”

21 Jan

အင်္ဂလန်လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဒယ်လီအလီဟာ စီးရီးအေကလပ် ကိုမိုအသင်းကို ၁၈ လစာချုပ်နဲ့ ရောက်ရှိခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် အလီဟာ အခုလအတွင်း ကိုမိုအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ ပြီးနောက် အခုလိုစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အလီဟာ ပြီးခဲ့တဲ့နှစ်ဇွန်လက အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့ပြီး နောက်ပိုင်း ကလပ်လက်မဲ့ ဖြစ်နေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စပါးအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်း အားထားရမယ့် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အလီ ဟာ ၂၀၁၉ မှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီ့နောက် ၂၀၂၂ ဇန်နဝါရီမှာ အဲဗာတန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပေမဲ့ အသင်းမှာ ပုံမှန်နေရာမရခဲ့လို့ တူကီယဲကလပ် ဘီဆစ်တပ်အသင်းဆီကို အငှားသွားကစားခဲ့ရပါတယ်။ ဘီဆစ်တပ်အသင်းမှာလည်း အလီဟာ ၁၅ ပွဲသာ ကစားခဲ့ရပြီးနောက် အဲဗာတန်အသင်းကို ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။ ကိုမိုအသင်းဟာ စပိန်လူမျိုးနည်းပြ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့အသင်းဖြစ်ပြီး ကစားကွင်းအတွင်း မှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ အလီနဲ့ ဖာဘရီဂတ်စ်တို့ဟာ ကိုမိုအသင်းမှာ ကစားသမားနဲ့ နည်းပြအဖြစ် ပြန်လည်လက်တွဲခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။ (NVS 008)

21 Jan

ADVERTISE HERE .