“ဆာလီဘာ ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းပြောကြားခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ”

21 Jan

အာဆင်နယ် နည်းပြ အာတီတာ က အသင်းနောက်ခံကစားသမား ဆာလီဘာ ရဲ့ တံကောက်ကြောဒဏ်ရာနဲ့ ပတ်သက်လို့ အလွန်အမင်းစိုးရိမ်မိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ အဓိကနောက်ခံကစားသမား ဆာလီဘာ ဟာ ပြီးခဲ့တဲ့တစ်ပတ် ကြားရက်မှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် စနေနေ့ညမှာ ကစားခဲ့တဲ့ ဗီလာအသင်းနဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။ အခုရာသီမှာ ခြေစွမ်းပြနေတဲ့ ဆာလီဘာ ဟာ အခုလိုဒဏ်ရာရရှိခဲ့တာက အာဆင်နယ်ခံစစ်အတွက် စိုးရိမ် စရာ ဖြစ်လာခဲ့ပါတယ်။ ဆာလီဘာရဲ့ ဒဏ်ရာအခြေအနေကို သေချာသိရဖို့အတွက် စစ်ဆေးမှုတွေ ထပ်မံလုပ်ဆောင် သွားရမှာဖြစ်ပြီး ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ တော်တော်လေး စိုးရိမ်မိတယ်လို့ အာတီတာ က ပြောသွားခဲ့ပါ တယ်။ ဆက်လက်ပြီး နည်းပြ အာတီတာ က အသင်းရဲ့ ဒဏ်ရာရ ကစားသမားများပြားလာခြင်းကိုလည်း စိတ်ပူတယ်လို့ ထပ်မံပြောကြားသွားခဲ့ပါတယ်။ (NVS 008)

21 Jan

ADVERTISE HERE .