“လက်စတာစီးတီးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေတဲ့ နည်းပြ နစ္စတယ်ရွိုင်း”

20 Jan

လက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်များအလွန်ဆိုးရွားနေခြင်းကြောင့် အသင်းနည်းပြ နစ္စတယ်ရွိုင်း ကို ရာထူးမှ ထုတ်ပယ်သွားဖွယ်ရှိကြောင်း သတင်းများက ထွက်ပေါ်နေပါတယ်။ လက်စတာစီးတီးအသင်းက ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲကစားအပြီးမှာ ရမှတ် ၁၄ မှတ် နဲ့ အဆင့် (၁၉) နေရာမှာ ရပ်တည်ပြီး ရလဒ်များ အလွန်ဆိုးရွားနေခြင်းကြောင့် နည်းပြ နစ္စတယ်ရွိုင်း ကို ရာထူးမှ ထုတ်ပယ်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းများက ဖော်ပြနေကြတာ ဖြစ်ပါတယ်။ နည်းပြ နစ္စတယ်ရွိုင်း က လက်စတာစီးတီးအသင်းကို ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က စတင်ကိုင်တွယ်ပြီး ပြိုင်ပွဲ ၁ဝ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၇ ပွဲရှုံးနဲ့ ရလဒ်များဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

20 Jan

ADVERTISE HERE .